ကောင်းရှုံ အမျိုးသား အားကစားကွင်း

ကောင်းရှုံ အမျိုးသား အားကစားကွင်းသည် ၂၀၀၉ ခုနှစ် ကမ္ဘာ့အားကစားပွဲတော် ကျင်းပရာ အားကစားကွင်း ဖြစ်သည်။ ဘက်စုံအားကစားပွဲများ ကျင်းပနိုင်ပြီး ထိုင်ဝမ် ကောင်းရှုံမြို့တွင် တည်ရှိသည်။ ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးကာ အဓိကအားဖြင့် ၂၀၀၉ ကမ္ဘာ့အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများနှင့် ကမ္ဘာ့အားကစားပွဲတော်တွင် ပါဝင်သည့် ပြေးခုန်ပစ်နှင့် ရတ်ဂဗီ ပြိုင်ပွဲများကို ကျင်းပရန် ဖြစ်သည်။ ဤအားကစားကွင်းသည် ပရိသတ် ၅၅,၀၀၀ ဦးရေ ဝင်ဆံ့နိုင်သည်။ ကမ္ဘာ့အားကစားပွဲတော် ပြီးဆုံးပြီးနောက် ဘောလုံးပြိုင်ပွဲများအတွက် အသုံးပြုမည်ဖြစ်သည်။

၂၀၀၉ ကမ္ဘာ့အားကစားပွဲတော် အားကစားကွင်း
နဂါးပျံ
တည်နေရာကောင်းရှုံမြို့ထိုင်ဝမ်
ပိုင်ဆိုင်သူဝန်ကြီးများရုံး အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ကောင်းရှုံမြို့
ဝင်ဆံ့ပမာဏ၅၅,၀၀၀
မျက်နှာပြင်မြက်ခင်း
တည်ဆောက်ခြင်း
ဖွင့်လှစ်၂၀၀၉ မေ
ဗိသုကာတိုယို အိတို

ဂျပန်ဗိသုကာ တိုယို အိတိုက ဒီဇိုင်းရေးဆွဲသည့် ဤအားကစားကွင်တွင် လျှပ်စစ်မီးအားအတွက် နေရောင်ခြည်ကို ဖမ်းယူနိုင်သည့် ဆိုလာဆဲလ်ပြားများ တပ်ဆင်ထားသည်။ [၁] Archived 17 August 2017 at the Wayback Machine. ဤအားကစားကွင်းသည် နဂါးတကောင် ခွေနေသည့်အလား ဆောက်လုပ်ထားသောကြောင့် “နဂါးပျံ” (龍騰) ဟုလည်း အမည်တွင်သည်။ လျှပ်စစ်ဓာတ်အား ၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် ကမ္ဘာတွင် ပထမဦးဆုံးသော နေစွမ်းအင်သုံး အားကစားကွင်း ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ဘောလုံးအသင်းချုပ် (FIFA) စံချိန်မှီသည့် ထိုင်ဝမ်၏ ဒုတိယ ဘောလုံးကွင်းလည်း ဖြစ်သည်။

ဓာတ်ပုံများ

ပြင်ဆင်ရန်
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာအောင်ဆန်းစုကြည်အောင်ဆန်းပုဂံဂျပန်နိုင်ငံအာဇာနည်နေ့မြန်မာအမျိုးသမီးများနေ့အမေရိကန်ပြည်ထောင်စုနယူတန်ဘက္ကရီအီးဒ်အဲလ်ဘတ် အိုင်းစတိုင်းပီမိုးနင်းအလောင်းမင်းတရားမြန်မာပြည်မြန်မာနိုင်ငံထိုင်းနိုင်ငံလောကနီတိအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျန်စစ်သားကြယ်လိပ်မေတ္တသုတ်ကားလိုး ကော်လိုဒီဘုရင့်နောင်ကုလသမဂ္ဂသိပ္ပံပညာချားလ်စ် ဒါဝင်စင်ကာပူနိုင်ငံကွီလူမျိုးရွှေတိဂုံစေတီတော်မဟာသမယသုတ်မူးယစ်ဆေးဝါးဒုတိယ ကမ္ဘာစစ်မာရီ ကျူးရီးပန်ထွာဘုရင်မသောမတ် အက်ဒီဆင်မင်းအောင်လှိုင်စကြဝဠာကျိုက်ထီးရိုးဘုရား