စကြီမင်းဆက်

ထိုင်းဘုရင့်နိုင်ငံတော်ကို လက်ရှိ အုပ်စိုးနေသော တော်ဝင်မင်းဆက်
(ကျကရီမင်းဆက် မှ ပြန်ညွှန်းထားသည်)

စကြီမင်းဆက် (အသံထွက်; စကရီမင်းဆက်) (မြန်မာ: စကြီရာဇဝံသ; သင်္သကရိုက်: Cakrī Rājavaṁsa) သည် ထိုင်းဘုရင့်နိုင်ငံ၏ လက်ရှိမင်းဆက်ဖြစ်ကာ အကြီးအကဲဘုရင်မှာ နိုင်ငံတော်၏ ခေါင်းဆောင်ဖြစ်သည်။ တက်ဆင်နှင့် သွန်ဘူရီ​ခေတ်များအလွန် ၁၇၈၂ခုနစ်တွင် မြို့​တော်ကို ဘန်​ကောက်သို့ ​ပြောင်းပြီး​ချိန် ရတနကောသိန္ဒြခေတ်မှ စ၍ ထိုင်းနိုင်ငံကို အုပ်စိုးခဲ့သည်။ ဤမင်းဆက်ကို တရုတ်-မွန်နွယ်ဖွား ဖြစ်သော အယုဒ္ဓယ စစ်တပ်ခေါင်းဆောင် ဖြစ်သူ ဗုဒ္ဓယောတ္တဗာ စုဠာလောကက တည်​ထောင်ခဲ့သည်။

စကြီမင်းဆက်
အမှတ်တံဆိပ်i
အမှတ်တံဆိပ်
နိုင်ငံထိုင်းနိုင်ငံ
စတင်တည်​ထောင်ခြင်း၁၇၈၂; ၂၄၂ နှစ် အကြာက (၁၇၈၂)
တည်​ထောင်သူရာမ ၁
လက်ရှိ အကြီးအကဲရာမ ၁၀
အမည်များရတနကောသိန္ဒြပြည် (၁၇၈၂-၁၉၄၀)
ထိုင်းနိုင်ငံ (၁၉၄၈-လက်ရှိ)
ကိုးကွယ်မှုဗုဒ္ဓဘာသာ
Estate(s)ထိုင်းဘုရင့်နိုင်ငံ

လက်ရှိအကြီးအကဲဖြစ်သူမှာ (၁၀) ယောက်မြောက် ရာမဘုရင်ဖြစ်သော ဝဇိရာလင်္ကရဏဖြစ်သည်။ မင်းဆက်၏ လက်ရှိ​နေရာမှာ ဘန်​​ကောက်မြို့ရှိ တော်ဝင်နန်းတော်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ​တော်ဝင်မိသားစု

ပြင်ဆင်ရန်
မင်းသား မဟီတလ အတုလျေတေဇနင့် မိဖုရား သီရိနဂရိန္ဒြာ
တော်ဝင်နန်းတော်

ထိုင်းနိုင်ငံ၏ လက်ရှိ​တော်ဝင်မိသားစုမှာ မဟီတလအတုလျေတေဇမင်းသားမှ ဆင်းသက်လာသည်။ သူသည် စုဠာလင်္ကရဏဘုရင်၏ သား​တော်ဖြစ်ကာ ဝဇိရာဝုဓဘုရင်နှင့် ပြဇာဓိပကဘုရင်တို့ အ​ဖေတူအ​မေကွဲ ညီအစ်ကိုလည်းဖြစ်သည်။ မဟီတလအတုလျေတေဇ၏ သား​တော်ကြီး အာနန္ဒမဟီတလ နတ်ရွာစံပြီး​နောက် သား​တော်ငယ် ဘူမိဗလအတုလျတေဇ နန်းတက်ခဲ့သည်။ သူ့အား သား​တော် ဝဇိရာလင်္ကရဏ ဆက်ခံခဲ့သည်။

မိသားစုဝင်များ

ပြင်ဆင်ရန်

​တော်ဝင်မိသားစု၏ လက်ရှိမိသားစုဝင်များမှာ ​​အောက်ပါအတိုင်းဖြစ်သည်။

အခြား မိသားစုဝင်များ

ပြင်ဆင်ရန်

မကြာမီက လွန်​လေပြီး​သော မိသားစုဝင်များ

ပြင်ဆင်ရန်

နန်း​မွေနန်းလျာ ဆက်ခံမှု ဇယား

ပြင်ဆင်ရန်
  • ဥပ္ပလရတနာ ရာဇာကညာမင်းသမီးသည် ဘုရင်ဘူမိ​ဗလ၏ သမီးကြီးဖြစ်​သော်လည်း ၁၉၇၂ ခုနှစ်တွင် အ​မေရိကန်နိုင်ငံသားနှင့် လက်ထပ်အပြီး သူ၏ နန်း​မွေနန်းလျာနှင့် ​တော်ဝင်ဂုဏ်ပုဒ်များကို စွန့်လွှတ်ခဲ့သည်။
  • စုဍာဝဇရ ဝိဝဇရဝံသ၊ ဝဇိရရေသ ဝိဝဇရဝံသ၊ စကြီဝဇိရ ဝိဝဇရဝံသ၊ ဝဇရဝီရ ဝိဝဇရဝံသ င်းသားများသည် ဝဇိရာလင်္ကရဏဘုရင်၏ သား​တော်များဖြစ်​သော်လည်း ဝဇိရာလင်္ကရဏက သုစာရိဏီ ဝိဝဇရဝံသမိဖုရားနှင့်အတူ ၎င်းတို့ကိုပါ စွန့်ပစ်လိုက်သည်။

သမိုင်း​ကြောင်း

ပြင်ဆင်ရန်

ဘုရင်များ

ပြင်ဆင်ရန်
ပုံအမည်​မွေးဖွားခြင်းစိုးစံမှုစတင်ခြင်းစိုးစံမှုပြီးဆုံးခြင်းနတ်ရွာစံခြင်းမိဖုရားများသားသမီးများ
ဗုဒ္ဓ ယော့ဖာ စုဠာလောက
(ရာမ၁)
၂၀ မတ် ၁၇၃၇
အယုဓျာမြို့အယုဓျာတိုင်းပြည်
၆ ဧပြီ ၁၇၈၂၇ စက်တင်ဘာ ၁၈၀၉
တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၇၂
အမရိန္ဒြာ
နှင့်အခြားမိဖုရား ၃၁ပါး
သား​တော်၁၇၊ သမီး​တော် ၂၅
ဗုဒ္ဓ လော့လာ နဘာလယ
(ရာမ၂)
၂၄ ​ဖေ​ဖော်ဝါရီ ၁၇၆၇
အမ်ဖဝါး၊ အယုဓျာတိုင်းပြည်
၇ စက်တင်ဘာ ၁၈၀၉၂၁ ဇူလိုင် ၁၈၂၄
တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၅၇
သား​တော်၃၈၊ သမီး​တော်၃၅
နန်းကလော
(ရာမ၃)
၃၁ မတ် ၁၇၈၈
သွန်ဘူရီနန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၁ ဇူလိုင်၁၈၂၄၂ ဧပြီ ၁၈၅၁
တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၆၃
မိဖုရား၄၂ပါးသား​တော်၂၂၊ သမီး​တော်၂၉
မကုဋ
(ရာမ၄)
၁၈ ​အောက်တိုဘာ ၁၈၀၄
သွန်ဘူရီနန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂ ဧပြီ ၁၈၅၁၁ ​အောက်တိုဘာ ၁၈၆၈
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၆၃
သား​တော်၃၉၊ သမီး​တော်၄၃
စုဠာလင်္ကရဏ
(ရာမ၅)
၂၀ စက်တင်ဘာ ၁၈၅၃
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁ ​အောက်တိုဘာ ၁၈၆၈၂၃ ​အောက်တိုဘာ ၁၉၁၀
ဒူ​ဆစ်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၅၇
သား​တော် ၃၂၊ သမီး​တော်၄၄
ဝဇိရာဝုဓ
(ရာမ၆)
၁ ဇန်နဝါရီ ၁၈၈၁
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၃ ​အောက်တိုဘာ ၁၉၁၀၂၆ နိုဝင်ဘာ ၁၉၂၅
​တော်ဝင်နန်း​တော်၊ ဘန်​​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော် ၄၄
ဝဇိရရတနရာဇသုတာ
ပြဇာဓိပက
(ရာမ၇)
၈ နိုဝင်ဘာ ၁၈၉၃
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၆ နိုဝင်ဘာ ၁၉၂၅၂ မတ် ၁၉၃၅၃၀ ​မေ ၁၉၄၁1
ဗြိတိန်နိုင်ငံ
သက်​တော် ၄၇
ရမ်ဘိုင် ဘာနီ-
အာနန္ဒ မဟိတလ
(ရာမ၈)
၂၀ စက်တင်ဘာ ၁၉၂၅
ဟိုင်ဒါဘတ်ဘာဒန်သမ္မတနိုင်ငံဝါမန်
၂ မတ် ၁၉၃၅
၁၉၃၅မှ ၁၉၄၆အထိ ဘုရင်ခံ​ကောင်စီဖြင့်သာ အုပ်ချုပ်ခဲ့သည်။
၉ ဇွန် ၁၉၄၆
ဘိုရွန်းဖီမင်နန်းဆောင်တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
သက်​တော် ၂၀
--
ဘူမိဗလအတုလျတေဇ
(ရာမ၉)
၅ ဒီဇင်ဘာ ၁၉၂၇
အာဘန်​တောင် ​ဆေးရုံကမ်းဘ​ရေ့ချ်မက်ဆာချူးဆက်ပြည်နယ်အမေရိကန်ပြည်ထောင်စု
၉ ဇွန် ၁၉၄၆
(၁၉၅၀ ​မေလ ၅ရက်တွင် ဘိသိက်သွန်း)
၁၃ ​အောက်တိုဘာ ၂၀၁၆
သီရိရတ်ချ်ချ်​ဆေးရုံဘန်ကောက်မြို့ထိုင်းနိုင်ငံ
သက်​တော် ၈၈နှစ်
သီရိခေတ်
မဟာဝဇိရာလင်္ကရဏ
(ရာမ၁၀)
၂၈ ဇူလိုင် ၁၉၅၂
အမ်ပွန်း စသမ် အိမ်တော် ဒူဆစ်နန်းတော်၊ ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
၁၃ ​အောက်တိုဘာ ၂၀၁၆(၂၀၁၉ ​မေလတွင် ဘိသိက်သွန်းမည်)လက်ရှိ-
  • ဝဇိရကိတိယာဘာ
  • စုဍာဝဇရ ဝိဝဇရဝံသ
  • ဝဇိရရေသ ဝိဝဇရဝံသ
  • စကြီဝဇိရ ဝိဝဇရဝံသ
  • ဝဇရဝီရ ဝိဝဇရဝံသ
  • သီရိဝဏ္ဏဝရီ နာရီရတန
  • ဒီပင်္ကရ ရံသိဇောတိ

အရှေ့နန်းတော်များ (ဥပရာဇာများ)

ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အရှေ့နန်းတော်

ဥပရာဇာသည် ဆိုင်ယမ်တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ခဲ့သည်။ ထို​နေရာကို အဆင့်အမြင့်ဆုံးမင်းသားကို ​ပေး​လေ့ရှိသည်။ဥပမာ- ဘုရင်၏ညီငယ် (သို့မဟုတ်) သား​တော်ကြီးများဖြစ်သည်။၁၈၈၅ခုနှစ်မတိုင်မီအထိ ချက္ကရီမင်းဆက်မှန်သမျှသည် ဥပရာဇာခန့်​လေ့ရှိသည်။ဥပရာဇာသည် အရှေ့နန်းတော်တွင် ရုံးစိုက်​လေ့ရှိသည်။ ထိုင်းအစဉ်အလာအရ ဥပရာဇာသည် နန်းတက်ရန် လျာထားသတ်မှတ်ခံရ​သော်လည်း အစာရစန်ဒုံမင်းသားသာလျှင် ဗုဒ္ဓ လော့လာ နဘာလယဘုရင်အဖြစ် နန်းတက်နိုင်ခဲ့သည်။စုဠာလင်္ကရဏဘုရင်လက်ထက်တွင် သူ၏ဝမ်းကွဲ၊ဥပရာဇာဖြစ်​သော ဝိဇယဇည​ကွယ်လွန်ပြီး​နောက် ဥပရာဇာ​နေရာကို ဖျက်သိမ်းခဲ့သည်။ ထို့​နောက် သူ၏သားအကြီးဆုံးကို အိမ်​ရှေ့မင်း ခန့်အပ်ခဲ့သည်။ သို့​သော် ဥပရာဇာမဟုတ်​ပေ။ [၁]

ပုံအမည်​မွေးဖွားခြင်းစိုးစံမှုစတင်ခြင်း
(ခန့်အပ်မှုစတင်ခြင်း)
စိုးစံမှုပြီးဆုံးခြင်းသားသမီးများဘုရင်
(ဘုရင်နှင့်ပက်သက်မှု)
မဟာသုရသိင်္ဟနာဒ၁ နိုဝင်ဘာ ၁၇၄၄
အယုဓျာမြို့အယုဓျာတိုင်းပြည်
၁၇၈၂၃ နိုဝင်ဘာ ၁၈၀၃
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၅၉
၄၃​ယောက်ရာမ၁
(ညီ​တော်)
အစာရစန်ဒုံ၂၄ ​ဖေ​ဖော်ဝါရီ ၁၇၆၇
အယုဓျာတိုင်းပြည်
၁၈၀၆၇ စက်တင်ဘာ ၁၈၀၉
(ရာမ၂အဖြစ်နန်းတက်ခဲ့)
၇၃​ယောက်ရာမ၁
(အကြီးဆုံးသား)
မဟာသေနာနုရက္ခ၂၉ မတ် ၁၇၇၃
အယုဓျာတိုင်းပြည်
၇ စက်တင်ဘာ ၁၈၀၉၁၆ ဇူလိုင် ၁၈၁၇
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၄၅
၄၀​ယောက်ရာမ၂
(ညီ​တော်)
ဆတ်ဒီဖိုလဆပ်၂၁ ​အောက်တိုဘာ ၁၇၈၅
အယုဓျာတိုင်းပြည်
၂၁ ဇူလိုင် ၁၈၂၄၁ ​မေ ၁၈၃၂
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၄၆
၂၀ရာမ၃
(ဦးရီး​တော်၊ ရာမ၁၏သား​တော်)
ပင်ကလို၄ စက်တင်ဘာ ၁၈၀၈
သွန်ဘူရီနန်း​တော်၊ ဆိုင်ယမ်တိုင်းပြည်
၂၅ ​မေ ၁၈၅၁၇ ဇန်နဝါရီ ၁၈၆၆
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၅၇
၅၈​ယောက်ရာမ၄
(ညီ​တော်)
ဝိဇယဇည၆ ဧပြီ ၁၈၃၈
သွန်ဘူရီနန်း​တော်၊ ဆိုင်ယမ်တိုင်းပြည်
၂ ​အောက်တိုဘာ ၁၈၆၈၂၈ ဩဂုတ် ၁၈၈၅
အ​ရှေ့နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၄၇
(ကွယ်လွန်ပြီး​နောက် ရာထူးဖျက်သိမ်း)
၂၈​ယောက်ရာမ၅
(ဝမ်းကွဲ၊ ပင်ကလို၏သား)

အ​နောက်နန်း​တော်

ပြင်ဆင်ရန်

အ​နောက်နန်း​တော်ဆိုသည်မှာ အယုဓျာ​ခေတ်မှ ဆက်၍လာ​သော ​နေရာဖြစ်သည်။ သို့​သော် ချက္ကရီမင်းဆက် စတင်တည်​ထောင်ချိန်မှစ၍ အ​နောက်နန်း​တော်ကို တစ်ဦးသာစိုးစံခဲ့သည်။အနုရတ် ဒီဗေ့ချ်မင်းသားသည် ရာမ၁ဘုရင်၏ ဝမ်းကွဲဖြစ်ကာ ၁၇၈၅တွင် ခန့်အပ်ခံခဲ့ရသည်။

ပုံအမည်​မွေးဖွားခြင်းခန့်အပ်ခြင်း​သေဆုံးခြင်းသားသမီးများဘုရင်
(ဘုရင်နှင့် ပက်သက်မှု)
အနုရတ် ဒီဗေ့ချ်၂၈ မတ် ၁၇၄၆၁၇၈၅၂၀ ဒီဇင်ဘာ ၁၈၀၆
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၆၀
(​နေရာရပ်စဲ)
၃၅​ယောက်ရာမ၁
(ဝမ်းကွဲ)

အိမ်​ရှေ့မင်းများ

ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်း

ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်း သို့မဟုတ် Sayam မကုဋရာဇကုမာရ (สยามมกุฎราชกุมาร)သည် တိုင်းပြည်၏ အနာဂတ်ဘုရင်အဖြစ် သတ်မှတ်ထား​သော​နေရာဖြစ်သည်။၁၈၈၆ခုနှစ်တွင် စုဠာလင်္ကရဏဘုရင်သည် သူ၏အကြီးဆုံးသားကို ခန့်အပ်ခြင်းဖြင့် ရာထူးစတင်ဖန်တီးခဲ့သည်။ဤ​နေရာသည် အ​နောက်နိုင်ငံများ၏ဓ​လေ့မှ တိုက်ရိုက်ကူးချထားခြင်းဖြစ်သည်။ ထိုစဉ်မှစ၍ အိမ်​ရှေ့မင်းသား၃​ယောက်သာ ခန့်အပ်ခဲ့သည်။​နောက်ဆုံး​သော အိမ်​ရှေ့မင်းသားမှာ လက်ရှိဘုရင် မဟာဝဇိရာလင်္ကရဏဖြစ်သည်။ သူ့ကို ၁၉၇၂ခုနှစ်တွင် ခမည်း​တော် ဘုရင်ဘူမိ​ဗလအတုလျတေဇခန့်အပ်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ဘုရင်ဖြစ်လာခဲ့သည်။

ပုံအမည်​မွေးဖွားခြင်းခန့်အပ်ခြင်းပြီးဆုံးခြင်းမှတ်စုမိဘများ
မဟာဝဇိရုဏဟိသ၂၇ ဇွန် ၁၈၇၉
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁၄ ဇန်နဝါရီ ၁၈၈၆[၂]၄ ဇန်နဝါရီ ၁၈၉၅အသက်၁၆နှစ်အရွယ်တွင် တိုက်ဖိုက်​ရောဂါဖြင့် ကွယ်လွန်ရာမ၅ဘုရင်နှင့် မိဖုရားဆာဗန် ဗဟာနာ
ဝဇိရာဝုဓ၁ ဇန်နဝါရီ ၁၈၈၁

​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်

၄ ဇန်နဝါရီ ၁၈၉၅[၃]၂၃ ​အောက်တိုဘာ ၁၉၁၀ခမည်း​တော်နတ်ရွာစံအပြီး ရာမ၆အဖြစ်နန်းတက်ခဲ့ရာမ၅ဘုရင်နှင့် မိဖုရားစစ်ဗာပါ ပေါင်ဆရီ
မဟာဝဇိရာလင်္ကရဏ၂၈ ဇူလိုင် ၁၉၅၂

အမ်ပွန်း စသမ် အိမ်တော် ၊ ဒူဆစ်နန်းတော်၊ ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ

၂၈ ဒီဇင်ဘာ ၁၉၇၂[၄]၁၃ ​အောက်တိုဘာ ၂၀၁၆ခမည်း​တော်နတ်ရွာစံအပြီး ရာမ၁၀အဖြစ် နန်းတက်ခဲ့ရာမ၉ဘုရင်နှင့် မိဖုရားသီရိ​ခေတ်

မိဖုရား​ခေါင်များ

ပြင်ဆင်ရန်
ပုံအမည်​မွေးဖွားခြင်းထိမ်းမြားခြင်းမိဖုရား​ခေါင်ကြီးဖြစ်လာခြင်းပြီးဆုံးခြင်း​သေဆုံးခြင်းသားသမီးများ၏မိဖုား​ခေါင်
(မှတ်စုများ)
အမရိန္ဒြာ၁၅ မတ် ၁၇၃၇
အယုဓျာတိုင်းပြည်
၁၇၆၀ ခန့်က၆ ဧပြီ ၁၇၈၂
ဘုရင်၏ဘိသိက်ပွဲနှင့်အတူ
၇ စက်တင်ဘာ ၁၈၀၉
ဘုရင်၏​သေဆုံးခြင်းနှင့်အတူ
၂၅ ​မေ ၁၈၂၆
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၈၉
၁၀​ယောက်ရာမ၁
(ရာမ၂၏ မယ်​တော်)
သီရိသုရိယေန္ဒြ၁၇၆၇ခန့်က
အယုဓျာတိုင်းပြည်
၂၁ စက်တင်ဘာ ၁၈၀၁၇ စက်တင်ဘာ ၁၈၀၉
ဘုရင်၏ဘိသိက်ပွဲနှင့်အတူ
၂၁ ဇူလိုင် ၁၈၂၄
ဘုရင်၏​သေဆုံးခြင်းနှင့်အတူ
၁၈ ​အောက်တိုဘာ ၁၈၃၆
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၆၉
၅​ယောက်ရာမ၂
(ရာမ၄၏မယ်​တော်)
ဒေဝသိရိန္ဒြာ၁၇ ဇူလိုင် ၁၈၃၄
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁ ဧပြီ ၁၈၅၁၉ စက်တင်ဘာ ၁၈၆၂
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၂၈
​၄ယောက်ရာမ၄
(ရာမ၅၏မယ်​တော်)
စစ်ဗာပါ ပေါင်ဆရီ
(ဘုရင်ခံမိဖုရား)
၁ ဇန်နဝါရီ ၁၈၆၄
​တော်ဝင်နန်း​တော်၊ ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁၈၇၈ခန့်က၂၃ ​အောက်တိုဘာ ၁၉၁၀
ဘုရင်၏​သေဆုံးခြင်းနှင့်အတူ
၂၀ ​အောက်တိုဘာ ၁၉၁၉
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
သက်​တော်၅၆
၉​ယောက်ရာမ၅
(ရာမ၆နှင့် ရာမ၇တို့၏မယ်​တော်)
ဣန္ဒြသတ္တိဆာချီ၁၀ ဇွန် ၁၉၀၂
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၁၀ ဇွန် ၁၉၂၁၁ ဇန်နဝါရီ ၁၉၂၂
ခန့်အပ်ခြင်း
၁၅ နိုဝင်ဘာ ၁၉၂၅
မိဖုရားအဖြစ် တိုးမြှင့်ခံရ
၃၀ နိုဝင်ဘာ ၁၉၇၅
ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
သက်​တော်၇၃
-ရာမ၆
ရမ်ဘိုင် ဘာနီ၂၀ ဒီဇင်ဘာ ၁၉၀၄
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၅ ဩဂုတ် ၁၉၁၈၂၅ နိုဝင်ဘာ ၁၉၂၅
ဘုရင်၏ဘိသိက်ပွဲနှင့်အတူ
၂ မတ် ၁၉၃၅
ဘုရင်၏ ပြုတ်ကျခြင်းနှင့်အတူ
၂၂​ ​မေ ၁၉၈၄
ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
သက်​တော်၇၉
-ရာမ၇
သီရိခေတ်(ဘုရင်ခံမိဖုရား)၁၂ ဩဂုတ် ၁၉၃၂
ဘန်​ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည်
၂၈ ဧပြီ ၁၉၅၀၁၃ ​အောက်တိုဘာ ၂၀၁၆
ဘုရင်၏​သေဆုံးခြင်းနှင့်အတူ
၄​ယောက်ရာမ၉
(ရာမ၁၀၏မယ်​တော်)

ဥပရာဇာမှာ လက်ရှိနန်းဆက်၏ ဒုတိယဘုရင်သ​ဘောဖြစ်ကာ အိမ်​ရှေ့မင်းမှာ ​နောင်တွင်ဘုရင်ဖြစ်မည့် မင်း​လောင်းဖြစ်သည်။

ကိုးကား

ပြင်ဆင်ရန်
  1. Terwiel၊ B.J. (2011)။ Thailand's Political History: From the 13th Century to Recent Times။ Thailand: River Books။ p. 39။ ISBN 9749863968CS1 maint: ref=harv (link)
  2. ​တော်ဝင်ထိုင်းပြန်တမ်း Announcement of the appointment of Prince Vajirunhis to the Crown Prince of Siam (Thai) Archived 9 June 2012 at the Wayback Machine., Volume 3, Chapter 44, 1 March 1886, page 368
  3. Royal Gazette, The Investiture of Crown Prince Maha Vajiravudh (Thai) Archived 10 November 2011 at the Wayback Machine., Volume 11, Chapter 63, 20 January 1895, page 346
  4. Royal Gazette, Royal Decree announcing the Investiture of Crown Prince Maha Vajiralongkorn (Thai) Archived 24 August 2009 at the Wayback Machine., Volume 89, Chapter 200 (ก), Special Edition, 28 December 1972, Page 1
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာအာဇာနည်နေ့အောင်ဆန်းဘလုံ၊ ဦး (ပန်းချီဆရာ)အာဇာနည် ခေါင်းဆောင်ကြီးများသုခ (ပန်းချီဆရာ)အုန်းလွင်၊ ဦး(ပန်းချီ)ဇော်မင်းထွန်းအောင်ဆန်းစုကြည်မြန်မာအမျိုးသမီးများနေ့ကမ္ဘောဒီးယားနိုင်ငံဘဉာဏ် (ပန်းချီဆရာ)စံပယ်ပန်းမြန်မာပြည်ဘဂျမ်း (ကာတွန်း)ထိုင်းနိုင်ငံငပလီကမ်းခြေငွေကိုင် (ပန်းချီဆရာ)ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းကြော့၊ ဦးမင်းအောင်လှိုင်ရွှေတိဂုံစေတီတော်ရန်လိုက ရန်ပိုသည်၊ ရန်မလိုမှ ရန်ပြိုသည်ဂျူး (စာရေးဆရာမ)ပုဂံမြန်မာနိုင်ငံဗီယက်နမ်နိုင်ငံကားလိုး ကော်လိုဒီမေတ္တသုတ်အမေရိကန်ပြည်ထောင်စုဂျပန်နိုင်ငံရေနံအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဘကြည် (ပန်းချီ)မြန်မာပိတောက်မြန်မာစာပေလာအိုနိုင်ငံကျောက်စာ