ဆောက်လုပ်ရေး

ဆောက်လုပ်ရေး ဆိုသည်မှာ အဆောက်အဦး သို့မဟုတ် အခြေခံအဆောက်အအုံ တစ်ခုကို တည်ဆောက်သည့် လုပ်ငန်းစဉ် ဖြစ်သည်။[၁] ဆောက်လုပ်ရေး နှင့် ကုန်ထုတ်လုပ်ငန်း ကွဲပြားခြားနားသည့် အချက်မှာ ကုန်ထုတ်လုပ်ငန်းများတွင် ဝယ်ယူမည့်သူ သတ်သတ်မှတ်မှတ် မရှိသော်လည်း ပုံစံတူ ပစ္စည်း အမြောက်အမြားကို တစ်ပြိုင်နက်တည်း ထုတ်လုပ်ကြပြီး ဆောက်လုပ်ရေး မှာမူ ရှိပြီးသား ဖောက်သည် အတွက် နေရာတစ်ခုပေါ်တွင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။[၂] ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဆောက်လုပ်ရေး လုပ်ငန်းများသည် စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ခြောက်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်း အထိ ရှိတတ်ကြသည်။[၃]

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် တည်ဆောက်နေသော ဤကဲ့သို့ ဆောက်လုပ်ရေး စီမံကိန်းများတွင် ဝန်ချီစက်များသည် မရှိမဖြစ် လိုအပ်သည်။

ဆောက်လုပ်ရေးသည် အစီအစဉ် ရေးဆွဲသည့် အဆင့်မှ စတင်ပြီး ပုံစံထုတ်ခြင်း၊ ငွေကြေးစိုက်ထုတ်ခြင်း အဆင့်များမှ တဆင့် စီမံကိန်းပြီးဆုံးပြီး ဆောက်လုပ်သည့် လုပ်ငန်းမှာ အသုံးပြုရန် အဆင်သင့် ဖြစ်သည် အထိ ဆက်လက်လုပ်ဆောင်ကြသည်။

ကြီးမားသော ဆောက်လုပ်ရေး လုပ်ငန်းများတွင် နယ်ပယ်ကဏ္ဍ အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်။ ဗိသုကာမှ လုပ်ငန်းကို စီမံခန့်ခွဲပြီး ဆောက်လုပ်ရေး မန်နေဂျာ၊ ပုံစံထုတ် အင်ဂျင်နီယာ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာ သို့မဟုတ် စီမံကိန်းမန်နေဂျာတို့မှ ကြီးကြပ်ဆောက်လုပ်လေ့ ရှိသည်။ စီမံကိန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် အတွက် ထိရောက်သော အစီအစဉ် ရေးဆွဲမှုသည် မရှိမဖြစ် လိုအပ်သည်။ အခြေခံအဆောက်အအုံများကို ပုံစံထုတ်ရာနှင့် ဆောက်လုပ်ရာတွင် ဇုံသတ်မှတ်ချက်များ၊ လုပ်ငန်းကြောင့် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှု၊ အချိန်ဇယား အောင်မြင်စွာ သတ်မှတ်နိုင်ရေး၊ ရသုံးမှန်းခြေ ငွေစာရင်း စီမံခန့်ခွဲရေး၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဆောက်လုပ်ရေး ပစ္စည်းများ ရရှိနိုင်မှုနှင့် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းကြောင့် အများပြည်သူတို့ အတွက် အဆင်မပြေ ဖြစ်မှုများ နှင့် တင်ဒါခေါ်ယူခြင်း လုပ်ငန်းများ စသည်တို့ကို ထည့်သွင်း စဉ်းစားရသည်။ အလွန်ကြီးမားသော ဆောက်လုပ်ရေး စီမံကိန်းများကို မက်ဂါစီမံကိန်းများဟု ခေါ်ကြသည်။

ဆောက်လုပ်ရေး လုပ်ငန်း အမျိုးအစားများ

ပြင်ဆင်ရန်

ဆောက်လုပ်ရေး လုပ်ငန်း

ပြင်ဆင်ရန်

ကိုးကား

ပြင်ဆင်ရန်
  1. Compare: "Construction"Merriam-Webster.com၊ Merriam-Webster2016-02-16 တွင် ပြန်စစ်ပြီး[...] the act or process of building something (such as a house or road) [...].
  2. Halpin၊ Daniel W.; Senior၊ Bolivar A. (2010)၊ Construction Management (4 ed.)၊ Hoboken, NJ: John Wiley & Sons၊ p. 9၊ ISBN 9780470447239May 16, 2015 တွင် ပြန်စစ်ပြီး
  3. Chitkara၊ K. K. (1998)၊ Construction Project Management၊ New Delhi: Tata McGraw-Hill Education၊ p. 4၊ ISBN 9780074620625May 16, 2015 တွင် ပြန်စစ်ပြီး
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာအောင်ဆန်းစုကြည်အောင်ဆန်းပုဂံဂျပန်နိုင်ငံအာဇာနည်နေ့မြန်မာအမျိုးသမီးများနေ့အမေရိကန်ပြည်ထောင်စုနယူတန်ဘက္ကရီအီးဒ်အဲလ်ဘတ် အိုင်းစတိုင်းပီမိုးနင်းအလောင်းမင်းတရားမြန်မာပြည်မြန်မာနိုင်ငံထိုင်းနိုင်ငံလောကနီတိအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျန်စစ်သားကြယ်လိပ်မေတ္တသုတ်ကားလိုး ကော်လိုဒီဘုရင့်နောင်ကုလသမဂ္ဂသိပ္ပံပညာချားလ်စ် ဒါဝင်စင်ကာပူနိုင်ငံကွီလူမျိုးရွှေတိဂုံစေတီတော်မဟာသမယသုတ်မူးယစ်ဆေးဝါးဒုတိယ ကမ္ဘာစစ်မာရီ ကျူးရီးပန်ထွာဘုရင်မသောမတ် အက်ဒီဆင်မင်းအောင်လှိုင်စကြဝဠာကျိုက်ထီးရိုးဘုရား