တာနာကာယ ကာကူအီ

ဂျပန်နိုင်ငံရေး သမိုင်းတွင် လွန်စွာဩဇာတိတ္ကိမ ကြီးမားခဲ့သူ၊လာဘ်ပေး လာဘ်ယူမှု အရှုပ်တော်ပုံကြောင့် နာမည်ပျက်ခဲ့ရသူ၊ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် အဖြစ် ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိဆောင်ရွက်ခဲ့သူကာကူအီတာနာကာကို ၁၉၁၈ ခုနှစ်၊ မေလ ၄ ရက်နေ့တွင်နီအိဂါတအုပ်ချုပ်ရေးနယ်မြေ၌ မွေးဖွားခဲ့သည်။ မိဘများမှာကာဇူကီတာနာကာနှင့်ဖူမေတာနာကာ တို့ဖြစ်ကြသည်။ဖခင်သည် ဆင်းရဲသောကျွဲနွားကုန်သည် တစ်ဦးသာဖြစ်သော်လည်း သားဖြစ်သူ ကာကူအီတာနာကာသည် စက်မှုပညာကိုကြိုးစားသင်ယူခဲ့သည်။ ငယ်စဉ်က တိုကျိုမြို့၊ ချူအိုစက်မှုအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ယူခဲ့ပြီးဆောက်လုပ်ရေး အတတ်ပညာပိုင်းကို ဦးစားပေးလေ့လာခဲ့သည်။ ၁၉၃၇ခုနှစ်တွင် ကိုယ်ပိုင်ဆောက်လုပ်ရေး လုပ်ငန်းကို စတင်လုပ်ကိုင်သည်။ ၁၉၄ဝ မှ ၁၉၄၇ ခုနှစ်အတွင်း တိုကျိုမြို့တွင်အဆောက်အအုံကန်ထရိုက်တာအဖြစ် အသက်မွေးမှုပြုခဲ့သည်။ ၁၉၄၂ခုနှစ်တွင်တာနာကို ဆာကာမိုတိုနှင့် လက်ထပ်ခဲ့ပြီးသမီးတစ်ယောက်မွေးဖွားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင် ပါလီမန်အောက်လွှတ်တော် အမတ်အဖြစ် အရွေးခံရသည်။

တာနာကာယ ကာကူအီ ၁၉၇၃ခုနှစ်က ရိုက်ကူးထားသောပုံ

ငွေကြေးချမ်းသာ ကြွယ်ဝသော တာနာကာသည်၎င်း၏ဥစ္စာဓနအင်အားကို အသုံးချကာ ပါတီတွင်း၌ထိပ်တန်းရာထူးများကို အချိန်တိုကာလအတွင်း ရယူနိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင်တရားရေး ဒုတိယဝန်ကြီး၊ ၁၉၅၇ - ၁၉၅၈ ခုနှစ်တွင်စာတိုက်နှင့် ကြေးနန်းဝန်ကြီး၊ ၁၉၆၁ ၆၂ ခုနှစ်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒသုတေသန ကောင်စီဥက္ကဋ္ဌ၊ ၁၉၆၅ ၆၆ခုနှစ်နှင့် ၁၉၆၈ ၇၁ ခုနှစ်တို့တွင်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အတွင်းရေးမှူးချုပ်၊ ၁၉၆၂ ၆၅ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီး၊၁၉၆၇-၆၈ ခုနှစ်တွင် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီစည်ပင်သာယာရေးမူဝါဒ (မြူနီစီပယ်ပေါ်လစီ) ဆိုင်ရာသုတေသနကော်မတီဥက္ကဋ္ဌ၊ ၁၉၇၁ ၇၂ ခုနှစ်တွင် နိုင်ငံတကာ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးစသည့် ရာထူးများ အဆင့်ဆင့်ရရှိခဲ့ပြီး ၁၉၇၂ခုနှစ်တွင် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ တာနာကာ၏ အသက်သည် ထိုအချိန်တွင်း ၅၄ နှစ်သာရှိသောကြောင့် ဒုတိယ ကမ္ဘာစစ်ကြီးနောက်ပိုင်း ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ်စံချိန်တင်ခဲ့သည်။

တာနာကာသည် ဝန်ကြီးချုပ်တာဝန်ကို ၁၉၇၂ ခုနှစ်မှ၁၉၇၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ အစပထမတွင် လူထုထောက်ခံမှုကို အခိုင်အမာရရှိခဲ့သူ၏ ပြောင်မြောက်သောလုပ်ဆောင်မှုများကြောင့် ကွန်ပျူတာတပ်ထားသော ဘူဒိုဇာကြီးဟုပင် နာမည်ပေးခံရသော်လည်း သူ၏ဝန်ကြီးချုပ်အဖြစ်တာဝန်ယူစဉ် ကာလအတွင်း နိုင်ငံ၏စီးပွားရေး ဆိုးရွားလာခြင်းကြောင့်လူထုသည် သူ၏ငွေကြေးနိုင်ငံရေး ကိုစိတ် ပျက်လာခဲ့သည်။ငွေကြေးဆိုင်ရာ မသမာမှုများ ရှိသည်ဟုလည်း ပြည်သူလူထုကမယုံသင်္ကာ ဖြစ်လာကြသည်။ လော့ခ်ဟိဒ် လာဘ်ပေးလာဒ်ယူအရှုပ်တော်ပုံကြောင့် ၁၉၇၄ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့ရပြီး၁၉၇၆ ခုနှစ်၊ ဇူလိုင်လတွင် ငွေကြေးချစားမှု စွဲချက်များဖြင့်ဖမ်းဆီးခံခဲ့ရသည်။ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီခေါင်းဆောင်အဖြစ်မှလည်း တစ်ဆက်တည်း နုတ်ထွက်ခဲ့ရသည်။ သို့ရာတွင်စွဲချက်တင် ထားခံရစဉ်ကာလ အတွင်း၌လည်း တာနာကာသည်ဂျပန်နိုင်ငံရေး ဇာတ်ဆရာအဖြစ် ကန့်လန့်ကာ နောက်ကွယ်မှအရှိန်အဝါ သုံးနိုင်ခဲ့သည်။ လော့ခ်ဟိဒ်ကော်ပိုရေးရှင်းမှလာဘ်ယူခဲ့ကြောင်း ထင်ရှားသဖြင့် ၁၉၈၃ ခုနှစ်တွင်ထောင် ဒဏ်လေးနှစ်စီရင်ချက် ချမှတ်ခံခဲ့ရသည်။ သို့သော် အယူခံဝင်ထားစဉ်ကာလအတွင်း လွတ်လပ်စွာနေနိုင်ခဲ့ပြီးသူ၏ နောက်ပိုင်းတက်လာသည့်ဝန်ကြီးချုပ်များကို ရွေးချယ်ရေး၌ အနည်းဆုံး သုံးဆက်တိုင်တိုင်သူ၏ဩဇာ မကင်းခဲ့ချေ။

ဂျပန်ဝန်ကြီးချုပ်ဟောင်း တာနာကာသည် အသက် ၇၅နှစ်အရွယ်၊ ၁၉၉၃ ခုနှစ်တွင် တိုကျိုမြို့၌ ကွယ်လွန်သည်။

ကိုးကား

ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အာဇာနည်နေ့အောင်ဆန်းအာဇာနည် ခေါင်းဆောင်ကြီးများဘလုံ၊ ဦး (ပန်းချီဆရာ)သုခ (ပန်းချီဆရာ)ဗမာလူမျိုးမြန်မာနိုင်ငံမြန်မာပြည်ပုဂံအနော်ရထာငပလီကမ်းခြေတပ်မတော် (ကြည်း)မေတ္တသုတ်အာဇာနည်နေ့/ဆောင်းပါးများအုန်းလွင်၊ ဦး(ပန်းချီ)မြန်မာအမျိုးသမီးများနေ့ကျန်စစ်သားထိုင်းနိုင်ငံကားလိုး ကော်လိုဒီအလောင်းမင်းတရားမင်းအောင်လှိုင်ရှမ်းပြည်နယ်မဟာသမယသုတ်ဂျပန်နိုင်ငံကမာကြည်တံတားရှမ်းလူမျိုးကမ္ဘောဒီးယားနိုင်ငံဒုတိယ ကမ္ဘာစစ်မြန်မာနိုင်ငံရှိ မြို့များရွှေတိဂုံစေတီတော်အရှေ့တောင်အာရှနိုင်ငံများအသင်းပဋ္ဌာန်းကဏ္ဍ:မြန်မာစကားပုံများစင်ကာပူနိုင်ငံအမျိုးသားစာပေဆုရစာအုပ်စာရင်းဘဉာဏ် (ပန်းချီဆရာ)မြန်မာ့သမိုင်း