တော်ကွားတို တက်ဆို

အီတာလျံ ကဗျာဆရာ

တော်ကွားတိုတက်ဆို (Torquato Tasso)သည် အီတလီနိုင်ငံ၏ ရီ‌နေဆွန်း‌ခေတ်တွင် အလွန်‌ကျော်ကြား‌သော အဲပစ်ကဗျာဆရာကြီးများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ၏ကဗျာများသည် ဒန္တီ၏ကဗျာ နီးနီး‌ကောင်းသည်ဟု ယူဆကြသည်။

တော်ကွားတိုတက်ဆိုသည် အီတလီ၏ ဂန္ထဝင်ကဗျာဆရာတစ်ယောက်ဖြစ်သည်။

တက်ဆိုသည် ဆိုရန်တိုမြို့သားဖြစ်သည်။ သို့‌သော် ဆယ်နှစ် သားအရွယ်ကပင်လျှင် ‌ရောမမြို့သို့‌ရောက်၍ စာ‌ပေနှင့် သမိုင်းတို့ကို သင်ကြားရသည်။ ဖခင်ဖြစ်သူသည် ကဗျာဆရာပင်ဖြစ်လင့်ကစား တက်ဆိုကို ရှေ့‌နေဖြစ်‌စေရန် ရည်ရွယ်ချက်ဖြင့် ပက်ဒူးအား တက္ကသိုလ်သို့ ဥပ‌ဒေသင်ယူရန် ‌စေလွှတ်ခဲ့၏။ သို့ရာတွင် အသက် ၁၈ နှစ်အရွယ်၌ပင်လျှင် ကဗျာတစ်ပုဒ်ကြောင့် များစွာ ‌ကျော်‌စောလာ‌လေရာ ဖခင်ဖြစ်သူသည် သား ဖြစ်သူအား ယထာဘူတနှင့် ကဗျာကို တက္ကသိုလ်၌ သင်ယူရန် ခွင့်ပြုခဲ့၇‌လေသည်။

ထို‌ခေတ်တွင် တူရကီလူမျိုးတို့သည် ဟန်‌ဂေရီနှင့် အီတလီလူမျိုးတို့ကို နှိပ်စက်ကလူပြု‌နေ‌သော အချိန်အခါဖြစ်‌လေသည်။ ဤသည်ကို အ‌ကြောင်းပြု၍ တက်ဆိုသည် ဂျရူးဆလမ်းမြို့သို့ သာသနာ‌ရေးစစ်ပွဲကြီး ချီတက်ခဲ့ဘူးသည်ကို အဲပစ်ကဗျာဖြင့် ဖွဲ့နွဲ့စပ်ဆိုခဲ့‌လေသည်။ သို့ရာတွင် ထိုကဗျာနှင့် စပ်လျဉ်း၍ ရိုမန်ကက်သလစ် သာသနာဂိုဏ်းနှင့် ဝိဝါဒကွဲပြားသည်တွင် တက်ဆိုသည်လည်း ထိုမှ ဤမှ လှည့်လည် သွားလာ‌နေထိုင် ယင်းနှင့်ပင် စိတ်တွင်‌ရောဂါကပ်ငြိလာ‌လေသည်။ ၁၅၉၄ ခုနှစ် တွင် ပုပ်ရဟန်းမင်းက သူ့အား သူ၏ကဗျာအတွက် ဂုဏ်ပြုရန် အလို့ငှာ ‌ရောမမြို့သို့ဖိတ်‌ခေါ်‌လေသည်။ တက်ဆိုလည်း ‌ရောမမြို့ သို့လာခဲ့၏။ သို့‌သော် ဂုဏ်ပြုခြင်းမခံရမီ တက်ဆိုကွယ် လွန်‌လေသည်။[၁]


ကိုးကား

ပြင်ဆင်ရန်
  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
🔥 Top keywords: ဗဟိုစာမျက်နှာအာဇာနည်နေ့အထူး:ရှာဖွေရန်အောင်ဆန်းအာဇာနည် ခေါင်းဆောင်ကြီးများသုခ (ပန်းချီဆရာ)ဘလုံ၊ ဦး (ပန်းချီဆရာ)အုန်းလွင်၊ ဦး(ပန်းချီ)မြန်မာအမျိုးသမီးများနေ့မြန်မာပြည်မြန်မာနိုင်ငံဘကြည် (ပန်းချီ)အာဇာနည်နေ့/ဆောင်းပါးများအောင်ဆန်းစုကြည်ငွေကိုင် (ပန်းချီဆရာ)ဘဉာဏ် (ပန်းချီဆရာ)ထိုင်းနိုင်ငံဂျပန်နိုင်ငံတပ်မတော် (ကြည်း)ကားလိုး ကော်လိုဒီဘဂျမ်း (ကာတွန်း)မင်းအောင်လှိုင်ပုဂံစင်ကာပူနိုင်ငံအနော်ရထာစိတ်ပညာတပ်မတော်မေတ္တသုတ်ဂျူး (စာရေးဆရာမ)စံပယ်ပန်းဗမာလူမျိုးဒုတိယ ကမ္ဘာစစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျန်စစ်သားကိုလိုနီခေတ်ကဏ္ဍ:မြန်မာစကားပုံများဘုရင့်နောင်ငပလီကမ်းခြေပဋ္ဌာန်း