ဖရန့်ဇ်ကပ်ဖ်ကာ

ဖရန့်ဇ်ကပ်ဖ်ကာ (Franz Kafka) (၁၈၈၃ ဇူလိုင်လ ၃ရက် - ၁၉၂၄ ဇွန်လ ၃ရက်)သည် ၂၀ရာစု၏ ထင်ရှားသော ဝတ္ထုရေးဆရာတစ်ဦးဖြစ်သည်။ သူသည် ယခု ချက်သမ္မတနိုင်ငံ၏ နေရာဖြစ်သော ဩစတီးယား-ဟန်ဂေရီရှိ ပရက်ဂ်မြို့ရှိ အလယ်တန်းစား ဂျူးလူမျိုးမိသားစုတွင် မွေးဖွားသည်။ သူ၏စာများစုမှာ အပြည့်အစုံမဟုတ်ဘဲ သူသေဆုံးပြီးသော အချိန်ကာလမှသာ ထုတ်ဝေခဲ့သော်လည်း သူ၏ သီးခြားဖြစ်သော ရေးဟန်သည် အနောက်တိုင်းစာပေတွင် လွှမ်းမိုးမှု အပေးနိုင်ဆုံးဖြစ်သည်။

ဖရန့်ဇ်ကပ်ဖ်ကာ
၁၉၀၆ ခုနှစ်တွင် ရိုက်ကူးထားသော ဖရန့်ဇ်ကဖ်ကာ၏ပုံ
မွေးဖွား၁၈၈၃ ခုနှစ် ဇူလိုင်လ ၃ ရက်
ကွယ်လွန်၁၉၂၄ ဇွန်လ ၃ရက်
ဗီယင်နာ၊ ဩစတီးယား အနီးရှိ Kierling
အလုပ်အကိုင်အာမခံအရာရှိ၊ စက်ရုံမှူး၊ ဝတ္ထုရေးဆရာ၊ ဝတ္ထုတိုရေးဆရာ
လူမျိုးဘိုဟီးမီးယန်း၊ ဩစတီးယား-ဟန်ဂေရီ
စာပေအမျိုးအစားဝတ္ထုရှည်၊ ဝတ္ထုတို
စာပေလှုပ်ရှားမှုမော်ဒန်စာပေ၊ ဖြစ်တည်မှုပဓာနဝါဒ၊ မျက်လှည့်သရုပ်မှန်ဝါဒ ဦးပိုင်း
ထင်ရှားသည့်လက်ရာများတရားခွင်၊ ရဲတိုက်၊ အသွင်ပြောင်းလဲခြင်း

လက်မှတ်ဖိုင်:Kafkasignature.jpg

သူ၏ဝတ္ထုများဖြစ်သော အသွင်ပြောင်းလဲခြင်း (The Metamorphosis) (၁၉၁၅)၊ တရားခွင်(The Trial) (၁၉၂၅) နှင့် ရဲတိုက် (The Castle) (1926) တို့သည် အိပ်မက်ဆိုးနှင့်တူပြီး တသီးပုဂ္ဂလမဆန်သော ဗျူရိုကရက်တစ်ကမ္ဘာအတွင်းမှ စိတ်ဒုက္ခရောက်နေသော လူတစ်ဦးချင်းစီ၏ ခံစားမှုများကို ထုတ်ဖော်ထားသည်။


မိသားစု

ပြင်ဆင်ရန်

ကပ်ဖ်ကာသည် ဘိုဟီးမီးယား၏ မြို့တော်ဖြစ်သော ပရက်ဂ်မြို့ရှိ အလယ်တန်းစား ဂျူးမိသားစုတစ်ခုမှ မွေးဖွားသည်။ သူ၏အဖေ ဟာမန်းကပ်ဖ်ကာ (Hermann Kafka) (၁၈၅၂–၁၉၃၁) ကို ခန္ဓာကိုယ်ကြီးမားပြီး တစ်ကိုယ်ကောင်းဆန်၍ မောက်မာသော စီးပွားရေးသမားတစ်ယောက်အဖြစ် ဖော်ပြကြသည်။ ကဖ်ကာကိုယ်တိုင်ကမူ ခွန်အားရှိသော၊ကျန်းမာသော၊အစားအသောက်ကိုခုံမင်သော၊ အသံကျယ်သော၊ စကားပြောကောင်းသော၊ မိမိကိုယ်ကို ကျေနပ်မှုရှိသော၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လွှမ်းမိုးမှုအပြည့်ရှိသော၊ သည်းခံနိုင်သော၊ စဉ်းစားတတ်ပြီး လူအကြောင်းကို ကောင်းကောင်းသိသော ကဖ်ကာ အစစ်ဟုဖော်ပြခဲ့သည်။ ဟာမန်းသည် အခမ်းအနားများအတွက် သားသတ်သမားဖြစ်သော ဂျက်ကော့ ကပ်ဖ်ကာ (Jacob Kafka) ၏ စတုတ္ထမြောက်သားဖြစ်ပြီး ဘိုဟီးမီးယားတောင်ပိုင်း ပီဆက် (Písek) အနီးရှိ ချက်ဘာသာစကားပြောသော ဂျူးရွာတစ်ခုဖြစ်သည့် အိုဆက်(Osek) မှတဆင့် ပရဂ်သို့ ရွှေ့ပြောင်းလာခဲ့သည်။ နယ်လှည့်အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် သူသည် ယောက်ျားမိန်းမတို့၏ အသစ်အဆန်း အသုံးအဆောင်ပစ္စည်းများကို ရောင်းသော ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ခဲ့ပြီး အလုပ်သမား ၁၅ ဦးအထိခန့်ထားခဲ့သည်။

🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာအာဇာနည်နေ့အောင်ဆန်းဘလုံ၊ ဦး (ပန်းချီဆရာ)အာဇာနည် ခေါင်းဆောင်ကြီးများသုခ (ပန်းချီဆရာ)အုန်းလွင်၊ ဦး(ပန်းချီ)ဇော်မင်းထွန်းအောင်ဆန်းစုကြည်မြန်မာအမျိုးသမီးများနေ့ကမ္ဘောဒီးယားနိုင်ငံဘဉာဏ် (ပန်းချီဆရာ)စံပယ်ပန်းမြန်မာပြည်ဘဂျမ်း (ကာတွန်း)ထိုင်းနိုင်ငံငပလီကမ်းခြေငွေကိုင် (ပန်းချီဆရာ)ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းကြော့၊ ဦးမင်းအောင်လှိုင်ရွှေတိဂုံစေတီတော်ရန်လိုက ရန်ပိုသည်၊ ရန်မလိုမှ ရန်ပြိုသည်ဂျူး (စာရေးဆရာမ)ပုဂံမြန်မာနိုင်ငံဗီယက်နမ်နိုင်ငံကားလိုး ကော်လိုဒီမေတ္တသုတ်အမေရိကန်ပြည်ထောင်စုဂျပန်နိုင်ငံရေနံအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဘကြည် (ပန်းချီ)မြန်မာပိတောက်မြန်မာစာပေလာအိုနိုင်ငံကျောက်စာ