တရုတ်တွေးခေါ်ပညာရှင် မင်စီးယပ်စ် (孟子) သည် ကွန်ဖြူးရှပ်ဝါဒီများတွင် ကွန်ဖြူးရှပ် (孔子) ပြီးလျှင် အရေးပါဆုံးသော၊ အကျိုးအပြုဆုံးသော တွေးခေါ်ပညာရှင်ဖြစ်သည်။ သူ၏အဆုံးအမကျမ်းများကို မင်စီးယပ်စ်ကျမ်းဟုခေါ်ပြီး တရုတ်တို့အတွက် အလေးထားရာ ကျမ်းတစ်စောင်လည်း ဖြစ်သည်။ ကွန်ဖြူးရှပ်နောက် နှစ်၂၀၀ အကြာတွင် ပေါ်ထွန်းလာသူဖြစ်သည်။

မင်စီးယပ်စ် (ဘီစီ ၃၇၁- ဘီစီ ၂၈၉ )

မင်စီးယပ်စ်ကို ခရစ်မပေါ်မှီ ၃၇၁ ခုနှစ်တွင် ယနေ့ ရှန်တုန်နယ် (山東 Shantaung)ရှိ ဆို့ (鄒 Tsou) နယ်တွင် မွေးဖွားသည်။ ထိုကာလမှာ ကျိုမင်းဆက်၏ နောက်ဆုံးကာလဖြစ်ပြီး ပဒေသရာဇ်နယ်ရှင်များ အချင်းချင်း တိုက်ခိုက်နေကြချိန်ဖြစ်သည်။ ငယ်စဉ်ကပင် ကွန်ဖြူးရှပ်ကျမ်းစာများကို သင်ကြားကြီးပြင်းလာကာ အရွယ်ရောက်လျှင် ပဒေသရာဇ်နယ်များကို လှည့်လည်ပြီး အုပ်ချုပ်ရေးဆိုင်ရာ အယူဝါဒများကို ဟောကြားသည်။ မည်သည့်နယ်တွင်မှ အတည်တကျမနေသကဲ့သို့ ရာထူးလက်ခံကာ တာဝန်ထမ်းဆောင်လေ့လည်းမရှိခဲ့ပေ။ နယ်ရှင်(ပဒေသရာဇ်)များကလည်း သူ၏အဆုံးအမများကို ကောင်းစွာလိုက်နာကြသည် ဟုဆိုသည်။ သို့သော် ချိ(Ch'i)နယ်တွင်မူ အချိန်အနည်းငယ်မျှ ရာထူးကြီးတစ်ခုကို ဝင်ရောက်ထမ်းဆောင်ခဲ့ဖူးသည်။

ခရစ်မပေါ်မှီ ၃၁၂၊ အသက် ၅၅နှစ်အရွယ်တွင် ဇာတိဒေသသို့ ပြန်လာပြီး နောက်လိုက်နောက်ပါများ၊ တပည့်တပန်းများကို ကျမ်းစာများ၊ အယူဝါဒများ၊ အတွေးအခေါ်များ ကိုသင်ကြားပို့ချကာ သက်ဆုံးတိုင်နေထိုင်သွားခဲ့သည်။ ကွယ်လွန်ချိန်နှင့် ပတ်သက်ပြီး တိကျစွာမသိရသော်လည်း ပညာရှင်များက ဘီစီ ၁၈၉ ဟုသာ အကျမ်းဖျင်းခန့်မှန်းကြသည်။

ရည်ညွှန်းကိုးကား

ပြင်ဆင်ရန်
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာအာဇာနည်နေ့ဇော်မင်းထွန်းအောင်ဆန်းစုကြည်အောင်ဆန်းဘလုံ၊ ဦး (ပန်းချီဆရာ)သုခ (ပန်းချီဆရာ)အာဇာနည် ခေါင်းဆောင်ကြီးများအုန်းလွင်၊ ဦး(ပန်းချီ)မြန်မာအမျိုးသမီးများနေ့ငပလီကမ်းခြေမြန်မာပြည်ဘဉာဏ် (ပန်းချီဆရာ)ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့Visual Studio Codeမြန်မာနိုင်ငံဘဂျမ်း (ကာတွန်း)ဂျပန်နိုင်ငံပီမိုးနင်းအမေရိကန်ပြည်ထောင်စုစံပယ်ပန်းဘကြည် (ပန်းချီ)ထိုင်းနိုင်ငံပုဂံမင်းအောင်လှိုင်ကျောက်စာကားလိုး ကော်လိုဒီငွေကိုင် (ပန်းချီဆရာ)မေတ္တသုတ်တပ်မတော်ကဏ္ဍ:မိုက်ခရိုဆော့ဖ် အခမဲ့ ဆော့ဖ်ဝဲလ်ကုလသမဂ္ဂကူဝိတ်နိုင်ငံလာအိုနိုင်ငံစင်ကာပူနိုင်ငံနှင်းဆီစကားရွှေတိဂုံစေတီတော်