ဝီလျံ တင်းဒါးလ

ဝီလျံတင်းဒါးလသည် ပရိတက်စတန့် ခရစ်ယာန်သာသနာ အ‌ရေးပုံတွင် အင်္ဂလန်ပြည်၌ ထင်ရှား‌သော ‌ခေါင်း‌ဆောင်တစ်ဦး ဖြစ်သည်။ တင်းဒါးလသည် သမ္မာကျမ်းစာကို ဂရိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ သူပြန်ဆို‌သော ကျမ်းတို့မှာ ဓမ္မသတ်ကျမ်းနှင့် ‌ယောနဝတ္ထုဖြစ်သည်။ ခရစ် ၁၅၂၆ ခုနှစ် တွင် ထိုကျမ်းတို့ကို ပုံနှိပ်ထုတ်‌ဝေသည်။

တင်းဒါးလသည် ‌ဝေလနယ်စပ် ဂ‌လော့စတာနယ်တွင် ဖွား မြင်၍၊ ကြီးပြင်းလတ်‌သော် ‌အောက်စဖို့နှင့် ကိန်းဘရစ် တက္ကသိုလ်တို့တွင် ပညာသင်ကြားပြီးလျှင် ခရစ်ယာန် ရဟန်း‌ဘောင်သို့ ဝင်‌လေသည်။ ထို‌နောက် ဂ‌လော့စတာ နယ်၌ပင် တရား‌ဟောဆရာအဖြစ်ဖြင့် ‌ဆောင်ရွက်‌နေရာမှ မာတင်လူသာနှင့် အဆက်အသွယ်ရှိခဲ့သည်။

သာသနာ၌ သန့်ရှင်း‌စေလို‌သော စိတ်ဓာတ်ဖြင့် အင်္ဂလန်ပြည်ဘုရင် အဋ္ဌမ ဟင်နရီအား ကက်သရင်းမိဖုရားနှင့် ကွာရှင်းသည့်အတွက် ပြစ်တင်‌ရေးသား ပုံနှိပ်ထုတ်‌ဝေသည်။ ဤအချက်‌ကြောင့် ၁၅၃၆ ခုနှစ် ဩဂုတ်လ ၆ ရက်‌နေ့တွင် တင်းဒါးလသည် အရှင်လတ်လတ် မီးရှို့ကွပ်မျက်ခြင်း ခံရ သည်။

ကိုးကား

ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အာဇာနည်နေ့အောင်ဆန်းအာဇာနည် ခေါင်းဆောင်ကြီးများဘလုံ၊ ဦး (ပန်းချီဆရာ)သုခ (ပန်းချီဆရာ)ဗမာလူမျိုးမြန်မာနိုင်ငံမြန်မာပြည်ပုဂံအနော်ရထာငပလီကမ်းခြေတပ်မတော် (ကြည်း)မေတ္တသုတ်အာဇာနည်နေ့/ဆောင်းပါးများအုန်းလွင်၊ ဦး(ပန်းချီ)မြန်မာအမျိုးသမီးများနေ့ကျန်စစ်သားထိုင်းနိုင်ငံကားလိုး ကော်လိုဒီအလောင်းမင်းတရားမင်းအောင်လှိုင်ရှမ်းပြည်နယ်မဟာသမယသုတ်ဂျပန်နိုင်ငံကမာကြည်တံတားရှမ်းလူမျိုးကမ္ဘောဒီးယားနိုင်ငံဒုတိယ ကမ္ဘာစစ်မြန်မာနိုင်ငံရှိ မြို့များရွှေတိဂုံစေတီတော်အရှေ့တောင်အာရှနိုင်ငံများအသင်းပဋ္ဌာန်းကဏ္ဍ:မြန်မာစကားပုံများစင်ကာပူနိုင်ငံအမျိုးသားစာပေဆုရစာအုပ်စာရင်းဘဉာဏ် (ပန်းချီဆရာ)မြန်မာ့သမိုင်း