အော်တိုဂျိုင်ရို

အော်တိုဂျိုင်ရို ဆိုသည်မှာ လေယာဉ်တစ်မျိုး ဖြစ်သည်။ အော်တိုဂျိုင်ရိုသည် မတ်မတ်နီးပါး ပျံတက်နိုင်ပြီး လျှင် မတ်မတ်နီးပါးလည်း ပျံ၍ဆင်းနိုင်သည်။ ထို့ကြောင့် သာမန်လေယာဉ်ပျံများကဲ့သို့ တက်ရန်၊ ဆင်းရန် နေရာကျယ် ကျယ်မလိုပေ။ အော်တိုဂျိုင်ရိုသည် ဟယ်လီကော့ပတာနှင့် ဆင် ၏။ သို့သော် ဟယ်လီကော့ပတားနှင့် မတူချေ။ ဟယ်လီကော်ပတာ ကဲ့သို့လည်း လေထဲတွင် ရပ်တည်၍မနေနိုင်ချေ။ [၁]

Autogyro


အော်တိုဂျိုင်ရိုကို အောင်မြင်စွာတည်ထွင်နိုင်သူမှာ ဟွန်ဒီလာစီယာဗာဆိုသူ စပိန်လူမျိုးတစ်ဦး ဖြစ်သည်။ ထိုယာဉ် ဖြင့် ၁၉၂၃ ခုနှစ်တွင်ပျံသန်းနိုင်ပြီးလျှင် နောက်ငါးနှစ်အကြာ တွင် စီယာဗာသည် အော်တိုဂျိုင်ရိုဖြင့် အင်္ဂလိပ်ရေလက်ကြားကို ကျော်ဖြတ်ခဲ့လေသည်။ ၁၉၂၈ ခုနှစ်တွင် အမေရိကန်လူမျိုး တစ်ဦးဖြစ်သူ ဟဲရိုးပစ်ကန်းက အမေရိကန်ပြည်ထောင်စုအတွင်း ၌ ထိုလေယာဉ်ပျံမျိုးကို ပြုလုပ်ခဲ့လေသည်။ ထို့နောက် ဟဲရိုး သည် အော်တိုဂျိုင်ရိုစက်များကိုပြုလုပ်၍ ရောင်းချခဲ့လေသည်။အော်တိုဂျိုင်ရိုကို အပေါ်သို့ပျံတက်နိုင်စေရန် ထိုယာဉ် ၏ အပေါ်ဘက်တွင် တပ်ဆင်ထားသော ရိုတာခေါ် ပန်ကာ ဒလက်များက ဖန်တီးပေးကြသည်။ ထိုဒလက်များမှာသုံးလေးခု ရှိ၍ အလွန်ရှည်ကြသည်။ ထိုဒလက်များကို မတ်တတ်ဝင်ရိုး တစ်ခုတွင် တပ်ဆင်ထား၍ စက်ဖြင့်လည်စေသည်။ ဟယ်လီ ကော့ပတားတွင် အလားတူ ဒလက်များကို အစဉ်လည်လျက် ရှိစေရသော်လည်း အော်တိုဂျိုင်ရိုတွင်မူ ပထမစ၍ ပျံတက်စဉ် နှင့် အပေါ်သို့ပို၍ တက်လိုသောအခါများတွင်သာ လည်စေလေ သည်။ အော်တိုဂျိုင်ရို၏ ရှေ့ဘက်တွင် သာမန်လေယာဉ်ပျံများ နည်းတူ ပရိုပဲလာရှိသည်။ ထိုပရိုပဲလာဖြင့် အော်တိုဂျိုင်ရိုကို ရှေ့သို့ ပျံစေနိုင်သည်။

အော်တိုဂျိုင်ရိုကိုစ၍ ပျံစေရာတွင် ရိုတာခေါ်ဒလက် များကို မော်တာဖြင့်လည်စေသည်။ အော်တိုဂျိုင်ရို လေထဲသို့ ရောက်သွားသောအခါတွင် မော်တာနှင့် ရိုတာကို အဆက်ဖြတ် လိုက်သည်။ သို့ရာတွင် အော်တိုဂျိုင်ရို ရှေ့သို့ပျံသွားသဖြင့် ဖြစ်ပေါ်လာသော လေစီးကြောင်းကြောင့် ဒလက်များသည် ဆက်၍ အလိုအလျောက် လည်မြဲလည်လျက်ရှိလေသည်။ ထိုသို့ ဒလက်များ လည်မြဲလည်လျက်ရှိခြင်းကြောင့် အော်တိုဂျိုင်ရို သည် မြေပြင်ပေါ်သို့ကျမလာပဲ လေထဲတွင်ဆက်၍ တည်ရှိလေ သည်။ တစ်နည်းဆိုသော် အော်တိုဂျိုင်ရိုရှိ ဒလက်များသည် သာမန်လေယာဉ်ပျံများရှိ အတောင်များကဲ့သို့ ဆောင်ရွက်လေ သည်။

နောက်တီထွင်သော အော်တိုဂျိုင်ရိုများတွင် ရိုတာ တစ်ခုတည်းအစား နှစ်ခုမှ သုံးခုအထိ ရှိသော ရိုတာများကို တပ်ဆင်နိုင်ရန် ပုံစံများကို ပြုပြင်ပြောင်းလဲပေးခဲ့ကြလေသည်။အော်တိုဂျိုင်ရိုကို စမ်းသပ်ခဲ့ရာမှ နောင်သော် ဟယ်လီ ကော့ပတားကို တီထွင်လာနိုင်ခဲ့ကြလေသည်။ဟယ်လီကော့ပတားမှ တစ်ဖန် ဂျိုင်ရိုပလိန်းခေါ် လေယာဉ်တစ်မျိုးကို တီထွင်လာနိုင်ခဲ့ကြပြန်သည်။ ထိုလေယာဉ် မျိုးကို ၁၉၂၄ ခုနှစ်ခန့်က ဂျာမနီနိုင်ငံတွင် ပြုလုပ်နိုင်ခဲ့သည်။ ဂျိုင်ရိုပလိန်းရှိ ဒလက်များကို မော်တာဖြင့် အစဉ်လည်နေစေ လေသည်။ [၂]

ကိုးကား

ပြင်ဆင်ရန်
  1. Wragg၊ David W. (1973)။ A Dictionary of Aviation (first ed.)။ Osprey။ p. 147ISBN 9780850451634
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
🔥 Top keywords: ဗဟိုစာမျက်နှာအာဇာနည်နေ့အထူး:ရှာဖွေရန်အောင်ဆန်းအာဇာနည် ခေါင်းဆောင်ကြီးများသုခ (ပန်းချီဆရာ)ဘလုံ၊ ဦး (ပန်းချီဆရာ)အုန်းလွင်၊ ဦး(ပန်းချီ)မြန်မာအမျိုးသမီးများနေ့မြန်မာပြည်မြန်မာနိုင်ငံဘကြည် (ပန်းချီ)အာဇာနည်နေ့/ဆောင်းပါးများအောင်ဆန်းစုကြည်ငွေကိုင် (ပန်းချီဆရာ)ဘဉာဏ် (ပန်းချီဆရာ)ထိုင်းနိုင်ငံဂျပန်နိုင်ငံတပ်မတော် (ကြည်း)ကားလိုး ကော်လိုဒီဘဂျမ်း (ကာတွန်း)မင်းအောင်လှိုင်ပုဂံစင်ကာပူနိုင်ငံအနော်ရထာစိတ်ပညာတပ်မတော်မေတ္တသုတ်ဂျူး (စာရေးဆရာမ)စံပယ်ပန်းဗမာလူမျိုးဒုတိယ ကမ္ဘာစစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျန်စစ်သားကိုလိုနီခေတ်ကဏ္ဍ:မြန်မာစကားပုံများဘုရင့်နောင်ငပလီကမ်းခြေပဋ္ဌာန်း