မိုးကုတ်စက်ဝိုင်း

မိုးကုတ်စက်ဝိုင်း (Horizon) သည် ကမ္ဘာနှင့်ကောင်းကင်အား ပိုင်းခြားထားသည့် မျဉ်းဖြစ်ပြီး အပိုင်းနှစ်ခုဖြင့် ခွဲခြားထားသည်။ ယင်းတို့မှာ ကမ္ဘာ့မျက်နှာပြင်နှင့် အတွင်းဆက်ထားသည့်အရာ၊ သို့မဟုတ် အတွင်းမဆက်ထားသောအရာတို့ဖြစ်သည်။ နေရာအများစုမှာ သစ်ပင်၊ အဆောက်အအုံ၊ တောင်ကုန်းတောင်တန်းများဖြင့် ကာဆီးထားသောကြောင့် စစ်မှန်သည့် မိုးကုတ်စက်ဝိုင်းအား မမြင်ရပေ။ ယင်းအချက်များကြောင့် ဖြစ်လာသည့်မြင်ကွင်းကို မြင်နိုင်သည့် မိုးကုတ်စက်ဝိုင်းဟု ခေါ်ဆိုသည်။ မိုးကုတ်စက်ဝိုင်းအား ဂရိဘာသာစကား "ὁρίζων κύκλος" (horizōn kyklos) မှ ဆင်းသက်လာပြီး ပိုင်းခြားထားသော စက်ဝိုင်းဟု အဓိပ္ပာယ်ရသည်။[၁] ရေဒီယို၊ တယ်လီဂရပ်နည်းပညာများမပေါ်ထွန်သေးခင်က သမိုင်းတစ်လျှောက်တွင် ပင်လယ်ပြင်၌ မြင်နိုင်သော မိုးကုတ်စက်ဝိုင်း၏ အကွာအဝေးသည် အင်မတန် အရေးပါလှသည်။ ယနေ့ခေတ်အခါ၌ပင်လျင် လေယာဉ်ပျံများ ပျံသန်းရာတွင် မိုးကုတ်စက်ဝိုင်းအား အသုံးပြုနေရဆဲဖြစ်သည်။

အာကာသယာဉ် Endeavour မှမြင်ရသော ကမ္ဘာ၏ မိုးကုတ်စက်ဝိုင်း၊ ၂၀၀၂ ခုနှစ်နှောင်းပိုင်း။

ကိုးကား

ပြင်ဆင်ရန်
  1. "ὁρίζων"၊ A Greek-English Lexicon၊ Perseus Digital Library။ April 19, 2011 တွင် ပြန်စစ်ပြီး 
🔥 Top keywords: ဗဟိုစာမျက်နှာအာဇာနည်နေ့အထူး:ရှာဖွေရန်အောင်ဆန်းအာဇာနည် ခေါင်းဆောင်ကြီးများသုခ (ပန်းချီဆရာ)ဘလုံ၊ ဦး (ပန်းချီဆရာ)အုန်းလွင်၊ ဦး(ပန်းချီ)မြန်မာအမျိုးသမီးများနေ့မြန်မာပြည်မြန်မာနိုင်ငံဘကြည် (ပန်းချီ)အာဇာနည်နေ့/ဆောင်းပါးများအောင်ဆန်းစုကြည်ငွေကိုင် (ပန်းချီဆရာ)ဘဉာဏ် (ပန်းချီဆရာ)ထိုင်းနိုင်ငံဂျပန်နိုင်ငံတပ်မတော် (ကြည်း)ကားလိုး ကော်လိုဒီဘဂျမ်း (ကာတွန်း)မင်းအောင်လှိုင်ပုဂံစင်ကာပူနိုင်ငံအနော်ရထာစိတ်ပညာတပ်မတော်မေတ္တသုတ်ဂျူး (စာရေးဆရာမ)စံပယ်ပန်းဗမာလူမျိုးဒုတိယ ကမ္ဘာစစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျန်စစ်သားကိုလိုနီခေတ်ကဏ္ဍ:မြန်မာစကားပုံများဘုရင့်နောင်ငပလီကမ်းခြေပဋ္ဌာန်း